ခိုလမ် ဇူလိုင် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်များအား မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ဥပဒေများရှင်းလင်းပြောကြားခြင်း၊ စည်းကမ်းချက်များနှင့်အညီလိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးမြင့်ဦးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များအား လက်လီ/လက်ကားရောင်းချခွင့်လိုင်စင်နှင့်ပတ်သက်သည့် ဥပဒေ၊နည်းဥပဒေနှင့် လိုက်နာရမည့်စည်းကမ်းချက်များ၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့ဥပဒေများအား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးသုံးပစ္စည်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သုံးစွဲသူပြည်သူများအား သတ်မှတ်ချက်နှင့်အညီအသုံးပြုနိုင်စေရန်၊ ချမှတ်ထားသောစည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)