နောင်တရားမြို့ ကျေးလက်ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိ

နောင်တရား ဇူလိုင် ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ပေါ် ရပ်ကွက်များမှကာကွယ်ဆေးထိုးနှံရန်အကြုံးဝင်သည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို နောင်တရားမြို့ပေါ်၌ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများကို ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)