မိုင်းဖြတ်မြို့နယ်၌ လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့ပြသ

မိုင်းဖြတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးစပါးလက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက နမ့်ကုန်းကျေးရွာအုပ်စု၊ ဟောင်ဟင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။    

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က တောင်သူများအနေဖြင့် လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက တောင်သူများသို့ အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများက လက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါး စနစ်တကျစိုက်ပျိုးနည်းများကို လက်တွေ့ပြသခဲ့‌သည်။    

ထိုကဲ့သို့ တောင်သူများအနေဖြင့် လက်စွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက လုပ်သားအင်အားရှားပါမှုကိုဖြေရှင်းနိုင်ခြင်း၊ တစ်ဧကထုတ်လုပ်မှုစရိတ်လျော့နည်း၍ အကျိုးအမြတ်ပိုမိုရရှိခြင်းနှင့် တစ်ရက်လျှင် စက်တစ်စင်းကို ၃ ဧကနှင့်အထက် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံက သိရသည်။ 

သန်းထွန်း‌အေး(ပြန်/ဆက်)