ကျိုင်းတုံ ဇူလိုင် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ ကျိုင်းတုံဒေသအနီးဝန်းကျင်မှ ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသပေးခြင်းကို ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(သွားကျန်းမာ)ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ အထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက ကျိုင်းတုံဒေသအနီးဝန်းကျင်မှ ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ၁၂ ဦး အား အခမဲ့ခွဲစိတ်ကုသဆောင်ရွက်ပေးပြီးကျန်ရှိသည့် ဒေသခံပြည်သူ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား အခမဲ့ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့အခမဲ့ခွဲစိတ်ကုသနေမှုအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၂ ဦးမင်းညို၊ ခေတ္တပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတိုးမောင်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီးလိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)