တပ်ကုန်း ဇူလိုင် ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဗဟို)မှ ဘေးအန္တရာယ်ဆိုင်ရာညှိနှိုင်းရေးမှူးနှင့်တာဝန်ရှိသူများ တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ခံရသည့် အိမ်ထောင်စုများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါအဖွဲ့သည် ရေဘေးသင့်ခံရသည့် တစ်အိမ်ထောင်စုလျှင် ၄၀၀,၀၀၀ ကျပ်နှုန်းဖြင့် ညောင်ကိုင်းကျေးရွာတွင် အိမ်ထောင်စု ၅၈ စု၊ ရွေဏးစု(မ)ကျေးရွာတွင် အိမ်ထောင်စု ၄၂ စု၊ ဖောင်းတောကျေးရွာတွင် အိမ်ထောင်စု ၁၆ စု၊ မကျီးပင်ကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာတွင် အိမ်ထောင်စု ၄၄ စု၊ ရေတွင်းဖြူကျေးရွာတွင် အိမ်ထောင်စု ၂၇ စု၊ ရှားတုန်းအိုင်ကျေးရွာတွင် အိမ်ထောင်စု ၅ စု၊ စုစုပေါင်း ၇၆ စု၊ ဘုရင့်နောင်ရပ်ကွက်၊ နယ်မြေ (၁၁၊ ၁၂၊ ၁၃ ပိန်းတော) အိမ်ထောင်စု ၃၁ စုတို့ကို ရေဘေးသင့်ခဲ့ရသည့် အိမ်ထောင်စုများ လက်ဝယ်အရောက်ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်