လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေးရိုးဗစ်)သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပြိုင်ပွဲအခမ်းအနားကျင်းပ

လှည်းကူး ဇူလိုင် ၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေးရိုးဗစ်)သင်တန်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံက်ပိုင်းအချိန်က လှည်းကူးမြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက်ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများဖြစ်ကြသော အ.ထ.က(မြို့မ)ကျောင်း၊ အ.ထ.က (လှည်းကူး)ကျောင်း၊ အ.ထ.က(ဖောင်ကြီး)ကျောင်း၊ အ.ထ.က(ကျွန်းကလေး) ကျောင်းနှင့် အ.ထ.က(မင်းကုန်း)ကျောင်းတို့က အသီးသီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအစီအစဥ်အား ဆက်လက်ကျင်းပရာ အထူးဆု(၂)ရရှိသော အ.ထ.က (မြို့မ)ကျောင်းနှင့် အ.ထ.က(ဖောင်ကြီး) ကျောင်းတို့အား မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်တင်ကလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး တတိယဆုရရှိသော အ.ထ.က(လှည်းကူး)ကျောင်းအား ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးကလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ဒုတိယဆုရရှိသော အ.ထ.က(ကျွန်းကလေး)ကျောင်းအား ခရိုင်အမျိုးရေးရာဥက္ကဋ္ဌ ဒေါ်ကေသီခိုင်ကလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး ပထမဆုရရှိသော အ.ထ.က(မင်းကုန်း)ကျောင်းအား မြို့နယ်စီမံအုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လှည်းကူး(ပြန်/ဆက်)