နမ့်စန်(တ) ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ နမ့်စန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းသူများကို သင်တန်းထုတ်ကုန်ပစ္စည်းများပေးအပ်၍ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာစေရေးနှင့် ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက် မှ ၂၁ ရက်နေ့အထိ ပထမအကြိမ်၊ ဇွန်လ၂၉ရက်မှ ဇူလိုင်လ၅ရက်နေ့အထိ မွမ်းမံသင်တန်းများအဖြစ် ဖွင့်လှစ်၍ လက်ဆေးဆပ်ပြာ၊ ပန်းကန်ဆေးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်၊ မှန်ကြည်ဆေးရည်နှင့် အိမ်အတွက်အသုံးဝင်သည့် ကုန်ပစ္စည်းများ ပြုလုပ်နည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ နမ့်မော်ခေါက်ဆင့် ကျေးရွာမှ သင်တန်းသူ (၁၃)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)