လှိုင်းဘွဲမြို့နယ်ထွက် နာနတ်သီး၊ ဒူးရင်းသီးများ ဈေးကောင်းရရှိ

လှိုင်းဘွဲ  ဇူလိုင် ၄

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ် ကျေးရွာများရှိ အိမ်ခြံဝင်များနှင့် ဥယျာဉ်ခြံမြေများတွင် နှစ်ရှည်သီးနှံပင်များအဖြစ် နာနတ်ပင်များ၊ ဒူးရင်းပင်များ၊ ကြက်မောက်ပင်များ စိုက်ပျိုးထားကာ အသီးပေါ်ချိန်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကွမ်တာကျေးရွာ၊ကြာအင်းကျေးရွာ၊ ကျုံပကိုကျေးရွာ၊ ကြို့ချောင်းကျေးရွာ စသည့်ကျေးရွာများ၌ အိမ်ခြံဝင်းအတွင်းနှင့်ဥယျာဉ်ခြံများတွင် နာနတ်ပင်များ၊ ဒူးရင်းပင်များ စိုက်ပျိုး ထားရှိပြီး သီးနှံများပေါ်ချိန်တွင် နာနတ်သီးတစ်လုံးလျှင် ငွေကျပ် ၂၅၀၀ မှ ၅၀၀၀၊ ဒူးရင်းသီးတစ်လုံးလျှင် ငွေကျပ် ၅၀၀၀ မှ  ၁၅၀၀၀ အထိ ဈေးရရှိကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)