လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

လဲချား ဇူလိုင် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(နောင်မိန်း)တွင် အသိပညာပေးဟောပြောပွဲကို ယနေ့နံ​နက် ၁၀ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားခဲ့ပြီ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေး‌က ကျောင်းသား၊ ​ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း​ပြောကြားပြီး မူးယစ်ဆေးဝါးဆိုင်ရာအသိပညာပေးများ၊ လူကုန်ကူးခံရမှုအန္တရာယ်များ ပြောကြားခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အဆေးန္တရာယ် အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)