မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်တံတားအား ပြန်လည်ပြုပြင်

မိုင်းခုတ် ဇူလိုင် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့ကို ဆက်သွယ်ထားသောတံတားအား ပြုပြင်ခြင်းကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုပြင်ထိန်းသိမ်းရာတွင် ကွန်ကရစ်လမ်းရေတိုက်စားခြင်းကြောင့် တံတားပျက်စီးမှုအား မိုင်းခုတ်မြို့ရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရည်ရွယ်ချက်မှာ မိုင်းခုတ်မြို့နေ ပြည်သူများအနေဖြင့် မိုးရာသီကာလတွင်သာမက ဆယ့်နှစ်လရာသီကာလပတ်လုံး ပိုမိုအဆင်ပြေချောမွေ့ လွယ်ကူစွာသွားလာနိုင်ရေးအတွက် ရှေးရှု၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းခုတ်(ပြန်/ဆက်)