ဒဂုံမြို့နယ် အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဒဂုံ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းများတွင် ဒဂုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ကျောင်းအိမ်သာများစစ်ဆေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား "သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ" ကဗျာများအကြောင်းကို ရှင်းလင်းပြောပြ၍ နှုတ်တိုက်ရွတ်ဆိုစေခြင်း၊ ကျောင်းဈေးဆိုင်များ စစ်ဆေးခြင်း၊ ကျောင်းပတ်၀န်းကျင်စစ်ဆေးခြင်း၊ အမှိုက်များစနစ်တကျစွန့်ပစ်ရန်နှင့် အရောင်ခွဲ၍ စွန့်ပစ်ရမည့် အမှိုက်ပုံး(၄)ပုံးအကြောင်း၊ DHF control လုပ်ငန်းများနှင့် အဘိတ်ဆေးအကြောင်းရှင်းပြ၍ ကျောင်းသားများအား ကျောင်းအုတ်ကန်တွင်းသို့ အဘိတ်ဆေးကိုယ်တိုင်ခတ်ခိုင်းခြင်း၊ ငလျင်အန္တရာယ်အကြောင်း ပြောကြားခြင်း၊ လက်ဆေးနည်းကဗျာ သင်ကြားပေးခြင်း၊ ကျန်းမာရေးစာစောင်များ ဖြန့်ဝေပေးခြင်း စသည့် ကျန်းမာ ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာရွှေပြည်၏ ဦးဆောင်ကြီးကြပ်မှုနှင့် ကျန်းမာရေး၀န်ထမ်းများသည် ကျောင်းကျန်းမာရေး သီတင်းပတ်အနေဖြင့် အပတ်စဉ် အ‌ခြေခံပညာကျောင်းများ၌ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

လဲ့လဲ့ (ပြန်/ဆက်)