လသာမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

လသာ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးအောင်လွင်ဦးမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမျိုးသီဟကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၄၇) ယာဉ်ထိန်းတပ်ဖွဲ့စုရုံးမှ ဒုရဲအုပ်မင်းစိုးကြွယ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသိပညာပေးအသီးသီး ဟောပြောခဲ့ကြသည်။

ထို့နောက် အသိပညာပေးဟောပြောချက်များအပေါ် မေးခွန်းများမေးမြန်းခဲ့ရာ ကျောင်းသား/သူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဦးနေလင်း (ပြန်/ဆက်)