ရန်ကုန် ဇူလိုင် ၁
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဘုရားကုန်းကျေးရွာအုပ်စုရှိ ဆုတောင်းပြည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းက ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရာတွင် မိုးရာသီကာလအတွင်း အဖြစ်များသော ရာသီတုပ်ကွေးများအကြောင်း၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများနှင့် ပတ်သက်ပြီး လိုက်နာသတိပြုဖွယ်နှင့် ဆောင်ရန်ရှောင်ရန် အချက်များအကြောင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သံချဆေးတိုက်ကျွေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းးသိရသည်။
ဖြိုးသီဟ (ပြန်ဆက်)