သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့(အကြို) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သင်္ဃန်းကျွန်း ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ၃-၇-၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၈-၆-၂၀၂၅ ရက်နေ့နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးထိုက်၊ ပြည်သူ့ကျန်းမာရေးဌာန ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်သန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးစိုးညီဆွေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် မယ်ဇယ်(ခ) မဥ္ဇူသကပင်(၂၇)ပင်၊ ပျဥ်းမပင်(၂၅)ပင်တို့အား စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲသို့ စုစုပေါင်းအင်အား(၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်မိုး (သင်္ဃန်းကျွန်း)