မိုင်းယောင်းမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ အသုံးပြုမှုမရှိစေရေး စစ်ဆေး

မိုင်းယောင်း ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ ညနေ ၅ နာရီက လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့် ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်း မရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်းကို အမှတ်(၈)ရပ်ကွက် ဗလမင်းထင်လမ်းမ၌ ဆောင်ရွက်သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးတင်ကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လမ်းဉီးစီးဌာန၊ မြို့နယ်ဥပဒေရုံး၊  မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

စိုင်းအောင်ဇော်လင်