မိုင်းပန်မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင် သား/သမီးများမှ ကျောင်းသား/သူများအား ပညာရေး ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိုင်းပန် ဇွန် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ မြို့နယ်ရဲတပ်ဖွဲ့ မိသားစုဝင် သား/သမီးများမှ ကျောင်းနေအရွယ် ကျောင်းသား/သူများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် ပညာရေးထောက်ပံ့မှု ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ရဲတပ်ဖွဲ့၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူး‌ကျော်သိန်းနိုင်၊ မိ/စည်းဥက္ကဋ္ဌ ဒေါ်အေးမိမိခင်၊ မြို့မရဲစခန်း၊ ဒုတိယရဲမှူး ကိုကိုဦးနှင့် အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင်များမှ၊ ကျောင်းနေအရွယ် ကျောင်းသား/သူများ စုစုပေါင်း (၃၇) ဦးအား ပညာသင်ထောက်ပံ့မှုအဖြစ် မူလတန်းဆင့် (၁) ဦးလျှင်၊ တစ်သောင်းကျပ်နှုန်း၊ အလယ်တန်းဆင့် (၁) ဦးလျှင် တစ်သောင်းနှစ်‌ထောင်ကျပ်နှုန်း၊ အထက်တန်းဆင့် (၁) ဦးလျှင် တစ်သောင်းငါးထောင်ကျပ်နှုန်း၊ တက္ကသိုလ်တက်ရောက်နေသူများအား (၁) ဦးလျှင် လေးသောင်းကျပ်နှုန်း စုစုပေါင်းငွေ (၂၇၉,၀၀၀) ကျပ် ပညာရေးထောက်ပံ့မှု ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)