ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယနေ့နံနက် ၈ နာရီခွဲမှ ၁၀ နာရီထိ ဆွမ်ပရာဘွမ်မြို့နယ် အထကကျောင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
WFP (World Food Programme) မှထောက်ပံ့သော အာဟာရမုန့်များကို kg တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးအား လစဉ်လတိုင်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါမုန့်များအား အထက ဆွမ်ပရာဘွမ်မြို့နယ်ရှိ kg တန်းမှ စတုတ္ထတန်းအထိ အတန်းပိုင် မူလတန်းပြ ဆရာမ ဒေါ်နီနီထွန်းနှင့် မူလတန်းပြ ဆရာမ ဒေါ်ထုဆိုင်းတို့က တာဝန်ယူဖြန့်ဝေပေး လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ကျောင်းများပိတ်ထားသည့်အတွက် အဆိုပါမုန့်များအား မြို့ပေါ်(၃)ရပ်ကွက် နှင့် ကျေးရွာများရှိ ကျောင်းသားမိဘများအား ဖြန့်ဝေပေးမည့်ရက်ကို ကြိုတင်အကြောင်းကြား၍ ဖြန့်ဝေပေး လျက်ရှိကြောင်း မူလတန်းပြ ဆရာမ ဒေါ်နီနီထွန်းက ပြောကြားသည်။
ကုဋေ(ပြန်/ဆက်)