ပလောက်မြို့၌ ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးတွင်အသုံးပြုခြင်း နည်းပညာပေးသင်တန်းပို့ချ

ပလောက် ဇွန်  ၃၀

တနင်္သာရီတိုင်းဒေသကြီး   မြိတ်ခရိုင် ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ဉာဏ်ရည်တုနည်းပညာ (AI) ကို စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အသုံးပြုခြင်း ပညာပေးသင်တန်း ကို ဇွန် ၂၉ ရက် နံနက် ၉နာရီက မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ပို့ချသည်။

အခမ်းအနားတွင် ပလောက်မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က ဉာဏ်ရည်တုနည်းပညာ (AI)ကို  စိုက်ပျိုးရေးတွင် အကျိုးရှိစွာအသုံးချတတ်စေရန် ဂရုတစိုက်လေ့လာမှတ်သား၍ လက်တွေ့အသုံးပြုကြစေလိုကြောင်းပြောကြားပြီး မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသော်ဇင်ထွန်းက AI-application ထည့်သွင်းနည်း၊ လက်တွေ့အသုံးပြုနည်းများကို တောင်သူတစ်ဦးချင်းကို အသေးစိတ်ရှင်းလင်းပြသကာ မိုးစပါးစိုက်တောင်သူ ဦးညီညီက သိရှိလိုသည်များ မေးမြန်းသည်။ အဆိုပါသင်တန်းသို့ တောင်သူ ၃၉ ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ပလောက် (ပြန် / ဆက်)