သာကေတမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဗီနိုင်းချိတ်ဆွဲထားရှိမှုများအား ကွင်းဆင်းဆောင်ရွက်ခြင်း

သာကေတ ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန် ၂၇ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးထွန်းမင်းလတ်တို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ် ကပ်နှိပ်ရောင်းချသောဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်ဆောင်ပါ”ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)