ဗိုလ်တထောင် ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဇွန် ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့သည်။
ထိုသို့ပြိုင်ပွဲများ ကျင်းပပေးခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာများအပြင်၊ ကျောင်းပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ထူးချွန်ထက်မြက်သည့်အနာဂတ်၏ လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ယခုကဲ့သို့ စာစီစာကုံးပြိုင်ပွဲများကို နေ့ထူးနေ့မြတ်ရက်များတွင် အကြိုစာစီစာကုံးပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
စာစီစာကုံးပြိုင်ပွဲတွင် ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းမှ ကျောင်းသူ ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ဝင်း (ပြန်/ဆက်)