တာချီလိတ် ဇွန် ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက် နံနက် ၁၀ နာရီက မိုင်းဟဲကျေးရွာအုပ်စု၊ ပါလိုင်ကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ရပ်ကွက်နှင့်ကျေးရွာများသို့ ကွင်းဆင်း၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၂) ကတ်ကို ပြည်သူတစ်ဦးချင်းလက်ဝယ်အရောက် ပေးအပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား Biometric Data များ ကောက်ယူပေးခဲ့ကြောင်း သိရသည်။
သန်းဇော် (တာချီလိတ်)