ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

တောင်ကြီး ဇွန် ၂၉

ဆေးတက္ကသိုလ်-တောင်ကြီး ပါမောက္ခချုပ် တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ့(၃)နာရီအချိန်တွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 အဆိုပါဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဆေးတက္ကသိုလ် - တောင်ကြီး Final Part-2 (5/2024FC) အသင်းနှင့် Final Part - 2(5/2025 FC) အသင်းတို့ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆေးတက္ကသိုလ် - တောင်ကြီး ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးရာ Final Part - 2(5/2024FC)အသင်းက အနိုင်ရရှိကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသမီး Cheer Leader  ပြိုင်ပွဲတွင် “Cheer Leadering  Awardနှစ်သိမ့်ဆုရရှိသောအသင်း၊ “Cheer Leadering Award” 3rd runner up၊  2nd runner up ၊  1st runner upThe Best Cheer Leadering Team ဆုရရှိသောအသင်းများအား ဆေး တက္ကသိုလ်-တောင်ကြီးဒုတိယပါမောက္ခချုပ်၊ ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများကလည်းကောင်း၊ အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများအား ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ်က လည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်း အကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံး ဆုရရှိသူများအား ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်ဥပဒေချုပ်တို့က လည်းကောင်း၊ နှစ်သိမ့်ဆုရရှိသည့်အသင်းကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေသား ဆုအားလည်းကောင်း၊ တတိယဆုရရှိသည့်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရှိသည့် Final Part-2(5/2025FC) အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို ပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း ဆုများပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပထမဆုရရှိသည့် Final Part-2 (5/2024FC) အသင်းအား တစ်ဦးချင်းဆုတံဆိပ်များပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ချန်ပီယံဆုဖလားနှင့် ငွေသားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)