လဲချားမြို့နယ်တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လဲချား ဇွန် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကျန်းမာ‌ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရက်ကွက်ရှိ နောင်ခမ်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားပြီး အဖွဲ့ဝင်ဦးစိုင်းထွန်းဦးက သင်တန်းဆင်းအမှာစကား‌ ဖြည့်စွက်ပြောကြားကာ သင်တန်းတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များနှင့် First Aid Kid ဆေးအိတ်များကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)