မိုင်းဖြတ် ဇွန် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အိုက်လုံ-အိုက်ငို့ကျေးရွာချင်းဆက် ကျောက်ချောကို ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် တာချီလိတ်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်၊ မိုင်းဖြတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဒေါ်စိမ်းစိုစိုဝေတို့နှင့်တာဝန်ရှိသူများက အိုက်လုံ-အိုက်ငို့ ကျေးရွာချင်းဆက် ကျောက်ချောလမ်းဆောင်ရွက်မည့် မြေပြင်အခြေအနေများ၊ တိုင်းတာစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲလွင်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် (၂၀၀) သန်းဖြင့် လမ်းအရှည် ၇ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများဆောက်ရွက်ပြီးစီးပါက ကျေးရွာ(၅)ရွာမှ လူဦးရေ (၁၁၂၀) ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရွှေကို