၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး ဇွန် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က အဆိုပါတောင်ကြီးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ရာ တောင်ကြီး တက္ကသိုလ်ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ရှမ်းပြည်နယ် အားကစားနှင့်ကာယဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအထူးပြုဘာသာရပ်ပေါင်းစုံ ဘတ်စကက်ဘောပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်တွင် ဥပဒေပညာအမျိုးသား ဘတ်စကက်ဘောအသင်းနှင့်ညွှန်ပေါင်း(ခ) အမျိုးသားဘတ်စကက်ဘောအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဥပဒေ ပညာအမျိုးသားဘတ်စကက်ဘောအသင်းက ပွဲပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ဘာသာ ရပ်ဆိုင်ရာ ပါမောက္ခနှင့်တာဝန်ရှိသူများက ပွဲစဉ်တလျှောက် အကောင်းဆုံးအမျိုးသားဆု၊ အမျိုး သမီးဆုရရှိသူနှင့် အမျိုးသားဘတ်စကက်ဘောပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယဆုရအသင်းနှင့် အမျိုးသမီးဘတ် စကက်ဘောပြိုင်ပွဲ ပထမ၊ ဒုတိယ ဆုရအသင်းများကို တစ်ဦးချင်းဆုနှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်