ဗိုလ်တထောင် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းစည်ပင်သာယာဝန်ထမ်းအိမ်ရာဝန်း အနောက်ဘက်ခြမ်းရှိ ရထားသံလမ်းဘေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ၂၅ ရက်နေ့၊ (၀၈း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာတာဝန်ရှိသူများက စိန်ပန်းပင်(ပျိုးပင် ၂၀၀)ပင်အား ပေးအပ်ခြင်းနှင့် သတ်မှတ်နေရာများတွင် နေရာယူ၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ထိုအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြန်မာ့မီးရထားမှတာဝန်ရှိသူများ၊ ခရိုင်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း အင်အား(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ၉ နာရီခွဲအချိန်တွင် သစ်ပင်စိုက်ပွဲအခမ်းအနား ပြီးမြောက်ကြောင်း သတင်းရရှိသည်။
ခင်ဝင်း(ပြန်/ဆက်)