ရန်ကုန် ဇန်နဝါရီလ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ထို့နောက် သင်တန်းသားများက လက်တွေ့ရိုက်ကူးထားသည့် video သတင်းများကို အဖွဲ့လိုက်ရှင်းလင်းပြသခဲ့သည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းနည်းပြဆရာ ဦးအောင်တင်ထွန်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံခဲ့သည်၊
ထို့နောက် သင်တန်းသားများ video လက်တွေ့ရိုက်ကူးရာတွင် အကောင်းဆုံး ရိုက်ကူးနိုင်သောအဖွဲ့များမှ ပထမဆုရရှိသော အဖွဲ့(၁)၊ ဒုတိယဆုရရှိသော အဖွဲ့(၅)နှင့် အထူးဆု(၃)ဆုကို မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
နေခြည်(ပန်းဘဲတန်း-ပြန်ဆက်)