တန့်ယန်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer ထိုးနှံပေးလျက်ရှိ

တန့်ယန်း ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်ရောဂါကာကွယ်ဆေး Pfizer ကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးဌာနရုံးသို့ ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း၍ ဆောင်ရွက်ထိုးနှံပေးလျက်ရှိရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးဌာနရုံးရှိ ဝန်ထမ်းများအား စာရင်းသွင်းမှတ်တမ်းတင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်၍ ထိုးနှံပေးကြောင်းနှင့် ကျန်ဌာနများကိုလည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)