မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မိုးညှင်း ဇွန် ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲကျင်းပရာတွင် ကျောင်းသားကျောင်းသူများနှင့် လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များနှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အ.ထ.က-ခွဲ(နားခါ)မှ အထက်တန်းဆင့် ကျောင်းသား ကျောင်းသူ (၂၅)ဦးတို့က “မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြရာ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြိုင်ပွဲအပြီးတွင် ဤဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ ကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတရသစာအုပ် စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဇွန်(၂၆)ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း