ပန်းတောင်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ကျန်းမာရေးအတွက်(အခမဲ့) စောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်(၂၁)ရက်နေ့ နံနက်(၉:၃၀)အချိန်မှ ညနေ(၄:၀၀)အချိန်ထိ အခမဲ့ ဆေးကုသပေးလျက်ရှိပြီး ယမန်နေ့နံနက်(၉:၃၀)အချိန်တွင်လည်း(အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ ဆရာ၊ ဆရာမများက အငြိမ်းစားဝန်ထမ်းများကို အပူချိန်များတိုင်းတာ၍လည်းကောင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ အစရှိသောရောဂါများကို အခမဲ့စမ်းသပ်စစ်ဆေးကုသပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ပေးလျက်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။
လပြည့်လင်း(ပြန်/ဆက်)