ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းစက်ဘီးစီးနင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား ဇွန် ၂၄

၂၀၂၅ ခုနှစ်၊ ဇွန် ၂၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယမန်နေ့နံနက် ၆ နာရီက ပြည်နယ်အားကစားကွင်း၊ အထူးတန်းပွဲကြည့်စဉ်ရှေ့၌ ကျင်းပပြုလုပ်ရာ စက်ဘီး စီးအားကစားသမားများနှင့် ဝါသနာရှင် စက်ဘီးစီးသမားများ တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ စက်ဘီးစီးအားကစားသမားများအား တာလွှတ်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များတက်ရောက်ခဲ့ကြပြီး စက်ဘီးစီးနင်းပွဲအား ပြည်နယ်ဝန်ကြီးချုပ်က တာလွှတ်မီးရှုးမီးပန်းစက် အား ပစ်ဖောက် တာလွှတ်ပေးရာ စက်ဘီးစီးနင်းသူများသည် အား/ကာတိုက်တန်းလမ်းမှ ရုံးကြီး လမ်း၊ သခင်နက်ဖေလမ်းမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အောင်ဇေရန်အောင်ဘုရားအထိ အသွား/အပြန် တစ်ပျော်တစ်ပါး စုပေါင်းစီးနင်းခဲ့ကြကာ ပြည်နယ်အားကစားကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

ထိုသို့စက်ဘီးစီးနင်းသူများ ပြန်လည်ဝင်ရောက်လာမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး စက်ဘီးစီးနင်းပွဲ ဝင်ရောက်ပါဝင်သူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူကြီးစီးစက်ဘီးနှင့် ကလေးစီးစက်ဘီး နှစ်စီးအပါအဝင် လူသုံးကုန်၊ မိသားစုသုံးကုန်ပစ္စည်းများကို ကံစမ်းမဲဖောက်၍ လည်းကောင်း၊ အသက်ကြီးဆုံးစက်ဘီးစီးနင်းသူ ဆုနှင့် အငယ်ဆုံးစက်ဘီးစီးနင်းသူဆုများကို လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ တူးရိမ်ကွင်းအတွင်း မိုးစပါးစုပေါင်းပျိုးထောင်ပွဲနှင့် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ် ပြပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဒေသခံတောင်သူများအား ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး လုပ်ငန်းလုပ်ငန်းသည် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် များကို ပေါင်းစပ်ပြီး စိုက်ပျိုးရာသီနဲ့အညီ မှန်ကန် သင့်တော်တဲ့သည့် နည်းများကို အသုံးပြုပြီး စနစ်တကျဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် စပါးပင်တိုင်း သန်စွမ်းကျန်းမာပြီး ပန်းတိုင်အထွက်နှုန်းရရှိရန် စိုက်ပျိုးနည်းစနစ်အပြင် မျိုးကောင်း မျိုးသန့်ဖြစ်ရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ မျိုးကောင်းမျိုးသန့်နှင့် မြေသြဇာများကို လည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ တောင်သူများအနေဖြင့် မိုးစပါးအပြင် သီးထပ်များ စိုက်ပျိုးနိုင်မည်ဆိုပါက တောင်သူများဝင်ငွေတိုးပွားလာမည်ဖြစ်သည့်အပြင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံးရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်သည့်အတွက် မိမိတို့အားလုံးက ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် မျိုးစပါး မျိုးစေ့အိတ်များနှင့် ဓာတ်မြေသြဇာအိတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကွင်းအတွင်း မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ပေါင်စနစ်ဖြင့် စုပေါင်းပျိုးထောင်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ သမှုကို တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အ နေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးအတွက် ဘာသာရေးအသင်း အဖွဲ့များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပါဝင်စေပြီး အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထို့အပြင် နိုင်ငံတော်အနေဖြင့်လည်း ပြည်သူတစ်ဦးလျှင် ၂၀၀၀၀ နှုန်းဖြင့် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတို့အတွက် ငွေကျပ် ဘီလီယံ (၄ ဒဿမ ၂၇၇)အား လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ထို့အတူ ပြည်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တိမ်းရှောင်လာကြသည့် အိမ်ထောင်စုများအား ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် မိမိတို့အားလုံးက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ပြည်နယ် အတွင်း သက်ဆိုင်ရာခရိုင်အလိုက် IDPs စခန်းများ၊ တိုက်ပွဲရှောင်စခန်းများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေထိုင်လျက်ရှိသည့် အခြေအနေများ၊ မူလရှိသည့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် စီမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်မှတိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ် ၂၀၀၀၀ စီအား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့မှု အခြေအနေများနှင့် ဘာသာရေးအသင်းအဖွဲ့များက အိမ်ထောင်စုများ ပြန်လည်နေရာချထားရေးနှင့် ကူညီထောက်ပံ့ ပေးရေးလုပ်ငန်းစဉ်များတွင် ပြည်နယ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များနှင့် ကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က အတူတကွ ဝိုင်းဝန်းကြိုးစားကြရေးနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)