ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးလိုသူများရှိပါက မြို့နယ်သစ်တော ဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက်ထုတ်နိုင်

ပျော်ဘွယ် ဇွန် ၂၄

ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ဇွန်၂၄ရက် နံနက်၈နာရီခွဲက ရန်ကုန်-မန္တလေးကားလမ်းမဟောင်း၊ မိုင်တိုင် အမှတ်(၃၁၄/၀)၊ ပြည်သာယာ ရပ်ကွက်အနီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးလိုသူများရှိပါကလည်း မြို့နယ်သစ်တော ဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက်ထုတ်နိုင်ကြောင်း သိရသည်။

 ဦးစွာ အမှတ်(၇၁)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးကျော်ဆွေလင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးနှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြမည့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပျိုးပင်များပေးအပ်ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ပိတောက်၊ မယ်ဇလီ၊ ငုရွှေဝါ၊ ယူကလစ်၊ တမာ၊ မြန်မာကုက္ကို၊ စစ်၊ စိန်ပန်း၊ မဟော်ဂနီ၊ မန်းကျည်း စသည့်ပျိုးပင်(၄၅၀)ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)