ထန်းတပင်(ရန်ကုန်) ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ထောက်ကူပြုပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက ပညာသင်ထောက်ကူပြပစ္စည်းများနှင့် ပညာသင်ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်ကြားနေသော မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၆)ဦး၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၉)ဦးနှင့် တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၃)ဦးတို့အတွက် စာရေးကိရိယာ တန်ဖိုးငွေကျပ် (၆၃၅၅ဝဝ)ကျပ်နှင့် ပညာသင်ထောက်ပံ့ငွေကျပ် (၉ဝဝဝဝဝ) စုစုပေါင်း တန်ဖိုးငွေကျပ် (၁၅၃၅၅ဝဝ)တို့ကို ပေးအပ်ရာ သားသမီးများနှင့်ဝန်ထမ်းများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)