နေရပ်စွန့်ခွာပြည်သူများအား ငှက်ဖျား​ရောဂါပိုးရှိမရှိ စစ်ဆေးပေး

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ငှက်ဖျားရောဂါပိုးရှိမရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဇွန်လ ၂၁ ရက်နေ့ နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၄)ရပ်ကွက်အတွင်းရှိ စက္ခုအလင်းစာကြည့်တိုက်တွင် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငှက်ဖျားရောဂါပိုးစစ်ဆေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက နေရပ်စွန့်ခွာပြည်သူ လူဦးရေ(၆၀)ခန့် စစ်ဆေးပေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)