ကျောက်ဆည်မြို့နယ် သင်တောင်ကျေးရွာတွင် ကတ္တရာလမ်းသစ်ဖွင့်ပွဲပြုလုပ်

ကျောက်ဆည်  ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မန္တလေးမြို့ ဦးဝမ်းချင်းရွှေ+ဒေါ်ရီရီချို (အောင်မြန်မာဟိန်း) ကုမ္ပဏီမိသားစုမှ သင်တောင်းကျေးရွာ၊ ရွာလည်လမ်းမကြီးအား ကတ္တရာလမ်းခင်းပေးခဲ့ရာ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ လမ်းအရှည် ပေ ၇၀၀ တွင် အောက်ခြေကျောက်ခင်း၍  ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ယခင်ကွန်ကရစ်လမ်းအရှည်(၁၀၀၀)ပေပေါ်တွင် ကတ္တရာ(၃)လက်မထု ထပ်ပိုးလွှာခင်းခြင်း စုစုပေါင်း ကတ္တရာလမ်း အရှည် (၁၇၀၀)ပေကို ခန့်မှန်းကုန်ကျငွေ ကျပ်(၄၂၀)သိန်းဖြင့် လမ်းအဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း  တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

သင်တောင်ကျေးရွာတွင် ကတ္တရာလမ်းခင်းပေးခြင်းဖြင့် သင်တောင်းကျေးရွာမှ ပြည်သူမှပြည်သူများနှင့် အဆိုပါကျေးလမ်းမကြီးအား အသုံးပြုလျက်ရှိသည် တောင်လွှဲကျေးရွာမှ ပြည်သူများ၏ လူမှုဘဝများ၊ မြို့ပြနှင့် မခြား သွားလာရေးကဏ္ဍတွင်ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

 သက်မောင်၊ကျောက်ဆည်