မြစ်သား ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇွန်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် (၅) နာရီက စတင်ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို လစဉ် (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နံနက် (၅) နာရီမှစ၍ ထုတ်ပေးမည်ဖြစ်ပြီး ကျန်ရက်များတွင် နိုင်ငံဝန်ထမ်းလစာ ထုတ်ပေးသည့်နေ့အထိ နံနက် (၆) နာရီမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ရုံးဖွင့်ရက် ၂၃ ရက် နံနက် ၅ နာရီမှစ၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားပင်စင်စားများ လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများထုတ်ယူရာတွင်ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)