ဟိုပုံး ဇွန် ၂၃
ယနေ့လူငယ်လူရွယ်များ မူးယစ်ဆေးဝါးမသုံးစွဲမိအောင် လူညွှန့်တုံးစေမည့်မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုသိခြင်းအားဖြင့် ရှောင်ရှားနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က စမ်းစုတ်အခြေခံပညာအထက်တန်းကျောင်းနှင့် ဆိုက်ခေါင်အခြေခံပညာအထက်တန်းကျောင်းတိုတွင် ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် စမ်းစုတ်အခြေခံပညာအထက်တန်းကျောင်းနှင့် ဆိုက်ခေါင်အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာ/ဆရာမကြီးတိုက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းမှရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာစာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။ ထိုနောက် မြိုနယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်က မြိုနယ်အတွင်းဖြစ်ပွားနိုင်သည့် ရေဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ မီးဘေး၊ မြေပြိုဘေး၊ ငလျင်ဘေးစသည့် ဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေးနှင့်ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရပါက ဆောင်ရန်/ရှောင်ရန်နည်းလမ်းများနှင့် မိမိနှင့်အတူယူဆောင်သွားရန်လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကိုလည်းကောင်း၊ မြိုနယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးကျော်မင်းဦးက ပတ်ဝန်းကျင်၏အဓိပ္ပါယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာတာဝန်များ၊ ပတ်ဝန်းကျင်ပျက်စီးလာရခြင်း၏အကြောင်းအရာများ၊ ပတ်ဝန်းကျင်ပျက်စီးမှုကြောင့်ဖြစ်လာသည့်ဆိုးကျိုးများ၊ ကာကွယ်ထိန်းသိမ်းရမည့်နည်းလမ်းများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)