အင်းစိန်မြို့နယ်၌ စာပေဗိမာန်စာပေပြိုင်ပွဲဝတ္တုတိုပေါင်းချုပ် ပထမဆုရှင် စာရေးဆရာမ တက္ကသိုလ် မြမဥ္ဇူအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 

အင်းစိန် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာပေပြိုင်ပွဲ ဝတ္ထုတိုပေါင်းချုပ်ပထမဆုရှင် စာရေးဆရာမ တက္ကသိုလ် မြမဥ္ဇူအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ဇွန် ၂၁ ရက်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အင်းစိန်မြို့နယ် စာရေးဆရာအသင်းနာယက ဆရာကြီး ဦးရန်နောင် (ရန်နောင်-ပညာရေး) က ဂုဏ်ပြုအမှာစကားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းတို့က ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပြီး၊ အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံဏိ- တောင်တွင်းကြီး) က ထပ်ဆင့်ဂုဏ်ပြုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြရာ စာရေးဆရာမ တက္ကသိုလ် မြမဥ္ဇူက လက်ခံရယူခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ တက္ကသိုလ် မြမဥ္ဇူ၊ ၂၀၂၃ ခုနှစ် စာပေဗိမာန်စာပေပြိုင်ပွဲ ဝတ္ထုတိုပေါင်းချုပ် (ပထမဆု) ရှင်က ဝမ်းသာပီတိစကားများ ပြောကြားခဲ့ပြီး‌နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာပြီး‌မြောက်ခဲ့သည်။

အဆိုပါအခမ်းအနားကို အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းစိန်မြို့နယ် စာပေဥယျာဉ် Book Club အဖွဲ့၊ အင်းစိန်မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)