ကွမ်းခြံကုန်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် တောင်ဘက်ပိုင်းရပ်ကွက် ထိန်ထိန်လင်းစားသောက်ဆိုင်အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်များ ပြုပြင်ရောင်းချမှုတွင် အစားအသောက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အစားအသောက်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအသောက်များ၏အမျိုးအစားနှင့် အရွယ်အစားပမာဏအလိုက် ပွင့်လင်းမြင်သာစွာဖြင့်ဖော်ပြစေရေး၊ အစားအသောက်များဆေးကြောသန့်ရှင်းသည့်ရေများ သန့်ရှင်းမှုရှိစေရေးနှင့် ကျန်းမာရေးညီညွတ်သောအစားအသောက်များ ရောင်းချရမည် ဖြစ်ကြောင်း ဆိုင်ရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်နွယ်နွယ်အေး၊ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့မှ ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
ဆွေနွယ်