မိုင်းခတ်မြို့နယ် ယန်းမိုင် (လားဟူ) ကျေးရွာ 'လင်းရောင်ခြည်'စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းခတ် ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင် (လားဟူ) ကျေးရွာ 'လင်းရောင်ခြည်' စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များက စာကြည့်တိုက်ရေရှည်ရှင်သန်ရေးအတွက် ရပ်ရွာမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်၊ စာဖတ်ဝါသနာပါသူများအား စည်းရုံး၍ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ စာပေများလေ့လာဖတ်ရှုကြရန် တိုက်တွန်းပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းနွယ်နီအောင်က ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ကျေးရွာစာကြည့်တိုက်ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအကြောင်း ပြောကြားကာ စာကြည့်တိုက်အတွက် စာအုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)