လယ်ဝေး ဇွန် ၂၃
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လယ်ဝေး-ပျဉ်းမနား မြို့ရှောင်လမ်းဘေးရှိ ကျေးရွာအုပ်စုများတွင် မိုးစပါးစိုက်ပျိုးရေပေးဝေရန် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် စိုင်ခေါင်းရိုးကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၂၇၊ အောင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၂၉ နှင့် ပိတောက်ချောင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၇၃၂ အတွင်းရှိ လယ်ယာစိုက်ပျိုးသီးနှံများ မိုးရာသီ၌ရေကြီးနစ်မြုပ်မှုမဖြစ်စေရေး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်ရေး၊ ချောင်းဇောက်ရိုးအတွင်း ရေဝင်ရေထွက်ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ တောင်နီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ဆရာတော်အားဖူးမျှော်ကြည်ညို၍ ဆိုလာမီး၊ ဆိုလာမီးအိမ်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)