မိုင်းရယ်၌ အသက် ၈၀ နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် လဲလှယ်ခြင်းများ အခမဲ့ပြုလုပ်ပေး

မိုင်းရယ် ဇွန် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် လဲလှယ်ခြင်းမရှိသေးသည့် အသက် ၈၀ နှင့်အထက် သက်ကြီးဘိုးဘွားများအား အသစ်ပြန်လည်ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်း၍ အခမဲ့ဆောင်ရွက်‌ပေးခဲ့သည်။

မိုင်းရယ်မြို့နယ် လဝကဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးဝင်းထိန် ဦးဆောင်၍ လက်ထောက်လဝကမှူးတို့ပါဝင်သည့်အဖွဲ့သည် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်တွင် ကွင်းဆင်းခဲ့ရာ မှတ်ပုံတင် အသစ်ပြုလုပ်သူ(၃)ဦး၊ လဲလှယ်သူ(၂)ဦး၊ အိမ်ထောင်စုအသစ်ပြုလုပ်သူ(၂)ဦး စုစုပေါင်း(၇)ဦးကို ဆောင်ရွက်‌ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)