လမ်းမတော် ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လမ်းမတော်မြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က အ.လ.က(၁)လမ်းမတော် မြမာလာခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမေသဉ္ဇာနွယ် ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ဆရာဆရာမများပါဝင်သော ပူးပေါင်းအဖွဲ့သည် အ.လ.က(၁)လမ်းမတော်ကျောင်းမှ မူလတန်းကျောင်းသားကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များဖြည့်စွက်ခြင်း၊ မျက်စိစမ်းသပ်ခြင်းများပြုလုပ်ပေးပြီး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးဆောင်ရန် ရှောင်ရန်သိကောင်းစရာများ အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးဆိုင်ရာ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်