မိုင်းကိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထက်/လယ်/မူအဆင့် ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းကိုင် ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ထက်/လယ်/မူ အဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင်အထက်တန်းအဆင့် "မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်"၊ အလယ်တန်းအဆင့် "မူးယစ်ဆေးဝါးအန္တရာယ် တို့ကာကွယ်၊ မူလတန်းအဆင့်  " ရှောင်လေဝေးဝေး မူးယစ်ဆေး" စသည့်ခေါင်းစဉ်များဖြင့်  ကျောင်းသား၊ ကျောင်းသူ  ၃၇ ဦးတို့ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူးသန်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ  ဦးငြိမ်းချမ်းထက်၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးအောင်ကျော်စော၊ ပညာရေးဌာနမှ ဆရာဆရာမများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအပြီးတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး  မြေစိုက်နံရံကပ်စာစောင်ကို  ခင်းကျင်းပြသရာ  တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက  လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)