ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲပြုလုပ်

တောင်ကြီး ဇွန် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပပြုလုပ်သည် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက လူထုအခြေပြုဗဟိုဌာန၊ ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးညီညီက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင် ဦးကြည်သိန်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများ ကိုယ်စားတစ်ဦးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များက သင်တန်းတွင် ထူးချွန်ဆုရရှိသူအား ဆုများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။

အဆိုပါ သင်တန်းကို ၂၀၂၅ ခုနှစ်ဇွန်လ ၁၈ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်အထိ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူ(၂၆)ဦး တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)