မုံရွာ ဇွန် ၂၁
စစ်ကိုင်းတိုင်းဒေသကြီးလူ မှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့ နန္ဒဝန်မူလတန်းကြိုကျောင်းမှ ကျောင်းသားမိဘများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ဆေးစိမ်ခြင်ထောင်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါမူလတန်းကြိကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ၊ မူလတန်းကြိုကျောင်းမှ ဆရာမများနှင့် မူလတန်းကြို ကျောင်းသား မိဘများတက်ရောက်ခဲ့ကြပြီး ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောခြင်း၊ ဆေးစိမ်ခြင်ထောင်များအား မူကြိုကျောင်းမှ ကလေးများအတွက် တက်ရောက်လာကြသော မိဘများထံသို့ပေးအပ်ခြင်း၊ အဘိတ်ဆေးများပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် နန္ဒဝန်မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)