စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မုံရွာ ဇွန် ၂၁

ပြစ်မှုကျူးလွန်မှုမရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အလင်းဝင်ရောက်လာသူများနှင့် မိအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆုံးမဩဝါဒစကားများ ပြောကြားသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား (၂၂)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၂၄)ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အလင်းဝင်ရောက်လာသူတစ်ဦးလျှင် ဆုကြေးငွေကျပ် သိန်း (၂၀)ကျပ်စီဖြင့် စုစုပေါင်းငွေကျပ် သိန်း (၄၈၀)ကျပ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူများက အသီးသီးလက်ခံ ရယူကြသည်။

ထို့နောက် အလင်းဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကျေးမွေးကာ အလင်းဝင်ရောက်လာသူများအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှံပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)