ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရန်ကုန် ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မူးယစ်ဆေးဝါးများအန္တရာယ် ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်သွားရန် ရည်ရွယ်၍ ကမာရွတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးများအကြောင်း အသိပညာပေးဟောပြောပွဲကို ကမာရွတ်မြို့နယ် လူထုအေခြပြုဗဟိုဌာန (Community Center) တွင် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စိမ်းလဲ့က မူးယစ်ဆေးဝါးများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်သွားနိုင်ရေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာသင်းသင်းနိုင်က မူးယစ်ဆေးဝါး၏အန္တရာယ် ကြီးမားပုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား မူးယစ် ဆေးဝါးပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)