အလုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

အလုံ ဇွန် ၂၀

အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.မ.က(၄)ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အ.မ.က(၄)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိမွန်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းနှင့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်းစာအပြင် သုတ/ရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း ဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုစုခင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး မေးခွန်းများမေးမြန်းခဲ့ကာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တေဇရုပ်ပြစာအုပ်များ ပြသခဲ့ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောဧရာ