ကြည့်မြင်တိုင်မြို့နယ်တွင် မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် စက်တပ်သမ္မာန်ငယ်မောင်းနှင်ခွင့်သင်တန်း ဖွင့်လှစ်

ကြည့်မြင်တိုင် ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်၊ သန္တိသုခဓမ္မာရုံ၌ ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် စက်တပ်သမ္မာန်ငယ် မောင်းနှင်ခွင့်သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားပြီး ရေကြောင်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထူးအောင်က မိုးကြိုကာလရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲနှင့် စက်တပ်သမ္မာန်ငယ် မောင်းနှင်ခွင့်သင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရေကြောင်းနည်းပြ ဦးတင်ထွေးက မိုးကြိုကာလ ရေကြောင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး စက်တပ်သမ္မာန်ငယ်မောင်းနှင်ခွင့်သင်တန်းအား ဖွင့်လှစ်ခဲ့ရာ တက်ရောက်လာကြသည့် သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)